ကူးစက္ဗိုင္းရပ္စ္ ကို တြန္းလွန္ရာမွာ အဓိကက်တဲ့ အသက္ရႈ အားကူစက္ေတြကို အလံုအေလာက္ရရွိေအာင္ ကိုယ္တိုင္ ႀကိဳးစားဖန္တီးေနၾကတဲ့ ျမန္မာျပည္သားမ်ား

ဒီေန႕ဆိုရင္ ကမာၻ မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၁.၂သန္းေက်ာ္ အထိ ရွိလာၿပီး ကြၽန္ေတာ္ တို႔ျမန္မာမွာေတာ့ ပိုးေတြ႕ရွိသူ ၂၁ဦး အထိ ရွိလာၿပီျဖစ္ ပါတယ္။ ကိုရိုနာ ကပ္ေဘးကို ကမာၻ႔အတိုးတက္ဆုံး အခ်မ္းသာဆုံးနိုင္ငံႀကီးေတြေတာင္ အလူးအလဲ ခံေနၾကရၿပီး ဗိုင္းရပ္စ္ ကူးစက္မႈျပင္းထန္တဲ့ သူေတြကိုကုသတဲ့ ေနရာမွာ အဓိကလိုအပ္တဲ့ အသက္ရႈအား ကူးစက္မလုံေလာက္တဲ့ ျပသနာဟာ နိုင္ငံႀကီးေတြမွာေတာင္ ျဖစ္ပြားလ်က္ရွိပါတယ္။

photo credit
photo credit

ျမန္မာနိုင္ငံ မွာလည္း ဒီလို ေဈးႀကီးၿပီးဝယ္ရခက္တဲ့ အသက္ရႈ အားကူစက္ေတြ မလုံေလာက္တဲ့အခါမွာ တတ္နိုင္တဲ့ဘက္က ကူညီနိုင္ဖို႔အတြက္ ျမန္မာျပည္သားအခ်ိဳ႕ဟာ အသက္ရႈအား ကူစက္ေတြကို ကိုယ္တိုင္ဖန္တီးဖို႔ ႀကိဳးစားေနၾကတာကို ေတြ႕ရပါတယ္။

photo credit
photo credit

ဒီလို ဖန္တီးေနၾကတဲ့အထဲမွာ တဖြဲ႕ကေတာ့ ဦးခင္ေမာင္ဝင္း ဦးေဆာင္တဲ့ UD Group နဲ႕ မိတ္ေဆြမ်ားျဖစ္ပါတယ္။ UD Group ဟာ ဧၿပီလ ၄ ရက္ေန႕က စလို႔ Homemade အသက္ရႈအားကူစက္ စမ္းသပ္တည္ေဆာက္တဲ့ ဒီပေရာဂ်က္ကို စတင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ စမ္းသပ္တည္ေဆာက္မႈ ၉၀% အထိ ၿပီးစီးခဲ့ၿပီလို႔ သိရၿပီး ပေရာဂ်က္ရဲ႕ စုစုေပါင္း ၾကာျမင့္ခ်ိန္ကို ၇၂နာရီ လို႔သတ္မွတ္ကာ ႀကိဳးစားလ်က္ရွိပါတယ္။ ေဆး႐ုံေတြမွာ အသက္ရႈအားကူစက္ေတြ အခက္အခဲျဖစ္ခဲ့ပါက အေရးေပၚကူညီနိုင္ဖို႔အတြက္ ဒီလိုစမ္းသပ္တည္ေဆာက္ျခင္း ျဖစ္တယ္လို႔ သိရၿပီး လိုအပ္ခ်က္မ်ားရွိပါက အႀကံဉာဏ္ေပးၾကဖို႔လည္း ဦးခင္ေမာင္ဝင္းက ေျပာထားပါတယ္။

photo credit
photo credit

ေနာက္တဖြဲ႕ကေတာ့ ကိုရဲမင္း နဲ႕ Plc ဦးဝင္းသိန္း ဦးေဆာင္တဲ့အဖြဲ႕ျဖစ္ၿပီး သူတို႔ကေတာ့ အလြယ္တကူသယ္ေဆာင္သြားနိုင္တဲ့ အသက္ရႈအားကူစက္ portable ventilator ဖန္တီးဖို႔ႀကိဳးစားလ်က္ရွိၾကပါတယ္။ ဒီအစီအစဥ္ကို အႀကံေပးသူကေတာ့ B.E(Mechatronics)နဲ႕ေက်ာင္းၿပီးကာစ ကိုအာကာထက္ေက်ာ္ လို႔သိရပါတယ္။

photo credit
photo credit

သူတို႔စမ္းသပ္တည္ေဆာက္ေနတဲ့ အေသးစား အသက္ရႈအားကူစက္ဟာ ၂ ရက္အတြင္း ႐ုပ္လုံးေပၚလာမယ္လို႔ သိရပါတယ္။ မေန႕က အခ်ိန္ထိေတာ့ ၅၀% အထိ ၿပီးစီးခဲ့ၿပီလို႔ သိရၿပီး ေအာင္ျမင္စြာ တည္ေဆာက္နိုင္ဖို႔ ဆက္လက္ႀကိဳးစားလ်က္ရွိၾကပါတယ္။

အခုလို ကိုရိုနာကပ္ေဘးနဲ႕ ႀကဳံတဲ့ကာလ အတြင္းမွာ ျမန္မာျပည္သူျပည္သားေတြဟာ သူတို႔တတ္နိုင္တဲ့ဘက္ကေန နိုင္ငံကို ကူညီဖို႔ႀကိဳးစားေနၾကတာကိုျမင္ရတာဟာ အထူးဝမ္းသာဖို႔ေကာင္းလွပါတယ္။ UD ဦးခင္ေမာင္ဝင္း နဲ႕ ကိုရဲမင္းတို႔ အဖြဲ႕ အေကာင္းဆုံး ကိုယ္တိုင္လုပ္ ventilator တည္ေဆာက္နိုင္ၾကပါေစေၾကာင္း ဆုေတာင္းရင္း ကေနာ္တို႔ စာမ်က္ႏွာအေနနဲ႕လည္း အားေပးဂုဏ္ျပဳလိုက္ပါတယ္။

Unicode

ဒီနေ့ဆိုရင် ကမ္ဘာ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁.၂သန်းကျော် အထိ ရှိလာပြီး ကျွန်တော် တို့မြန်မာမှာတော့ ပိုးတွေ့ရှိသူ ၂၁ဦး အထိ ရှိလာပြီဖြစ် ပါတယ်။ ကိုရိုနာ ကပ်ဘေးကို ကမ္ဘာ့အတိုးတက်ဆုံး အချမ်းသာဆုံးနိုင်ငံကြီးတွေတောင် အလူးအလဲ ခံနေကြရပြီး ဗိုင်းရပ်စ် ကူးစက်မှုပြင်းထန်တဲ့ သူတွေကိုကုသတဲ့ နေရာမှာ အဓိကလိုအပ်တဲ့ အသက်ရှုအား ကူးစက်မလုံလောက်တဲ့ ပြသနာဟာ နိုင်ငံကြီးတွေမှာတောင် ဖြစ်ပွားလျက်ရှိပါတယ်။

မြန်မာနိုင်ငံ မှာလည်း ဒီလို ဈေးကြီးပြီးဝယ်ရခက်တဲ့ အသက်ရှု အားကူစက်တွေ မလုံလောက်တဲ့အခါမှာ တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့အတွက် မြန်မာပြည်သားအချို့ဟာ အသက်ရှုအား ကူစက်တွေကို ကိုယ်တိုင်ဖန်တီးဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။

ဒီလို ဖန်တီးနေကြတဲ့အထဲမှာ တဖွဲ့ကတော့ ဦးခင်မောင်ဝင်း ဦးဆောင်တဲ့ UD Group နဲ့ မိတ်ဆွေများဖြစ်ပါတယ်။ UD Group ဟာ ဧပြီလ ၄ ရက်နေ့က စလို့ Homemade အသက်ရှုအားကူစက် စမ်းသပ်တည်ဆောက်တဲ့ ဒီပရောဂျက်ကို စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ စမ်းသပ်တည်ဆောက်မှု ၉၀% အထိ ပြီးစီးခဲ့ပြီလို့ သိရပြီး ပရောဂျက်ရဲ့ စုစုပေါင်း ကြာမြင့်ချိန်ကို ၇၂နာရီ လို့သတ်မှတ်ကာ ကြိုးစားလျက်ရှိပါတယ်။ ဆေးရုံတွေမှာ အသက်ရှုအားကူစက်တွေ အခက်အခဲဖြစ်ခဲ့ပါက အရေးပေါ်ကူညီနိုင်ဖို့အတွက် ဒီလိုစမ်းသပ်တည်ဆောက်ခြင်း ဖြစ်တယ်လို့ သိရပြီး လိုအပ်ချက်များရှိပါက အကြံဉာဏ်ပေးကြဖို့လည်း ဦးခင်မောင်ဝင်းက ပြောထားပါတယ်။

နောက်တဖွဲ့ကတော့ ကိုရဲမင်း နဲ့ Plc ဦးဝင်းသိန်း ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့ကတော့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ အသက်ရှုအားကူစက် portable ventilator ဖန်တီးဖို့ကြိုးစားလျက်ရှိကြပါတယ်။ ဒီအစီအစဉ်ကို အကြံပေးသူကတော့ B.E(Mechatronics)နဲ့ကျောင်းပြီးကာစ ကိုအာကာထက်ကျော် လို့သိရပါတယ်။

သူတို့စမ်းသပ်တည်ဆောက်နေတဲ့ အသေးစား အသက်ရှုအားကူစက်ဟာ ၂ ရက်အတွင်း ရုပ်လုံးပေါ်လာမယ်လို့ သိရပါတယ်။ မနေ့က အချိန်ထိတော့ ၅၀% အထိ ပြီးစီးခဲ့ပြီလို့ သိရပြီး အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးစားလျက်ရှိကြပါတယ်။

အခုလို ကိုရိုနာကပ်ဘေးနဲ့ ကြုံတဲ့ကာလ အတွင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ သူတို့တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံကို ကူညီဖို့ကြိုးစားနေကြတာကိုမြင်ရတာဟာ အထူးဝမ်းသာဖို့ကောင်းလှပါတယ်။ UD ဦးခင်မောင်ဝင်း နဲ့ ကိုရဲမင်းတို့ အဖွဲ့ အကောင်းဆုံး ကိုယ်တိုင်လုပ် ventilator တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း ကနော်တို့ စာမျက်နှာအနေနဲ့လည်း အားပေးဂုဏ်ပြုလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *