၂၄ နာရီအတြင္း လူေပါင္း ( ၁၃၀၀ ) အား COVID-19 ဗိုင္းရပ္စ္ပို႔း ရွိ/မရွိ စစ္ေဆးႏိုင္မည့္စက္ ျမန္မာကို ေရာက္ေတာ့မည္

” AA Medical Products Ltd ” ကေန ကုိဗစ္ေရာဂါ ရွိမရွိ ၂၄ နာရီ အတြင္း လူေပါင္း ၁,၃၀၀ ေက်ာ္ကို စစ္ေဆးႏိုင္ တဲ့ စက္တစ္လုံး အပါ အဝင္ က်ပ္သိန္းေပါင္း ၈,၀၀၀ ေက်ာ္တန္ဖိုးရွိ ပစၥည္းေတြ ကို ယေန႔ မွာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ကို လႉဒါန္း လိုက္ ပါ တယ္။

Photo-Credit

လႉဒါန္းေပးအပ္ပြဲ အခမ္းအနားကို က်ိဳက္ကၠဆံအားကစားကြင္း၊ ျပည္ေထာင္ စုခန္းမ မွာ က်င္းပျပဳလုပ္ခဲ့ တာျဖစ္ၿပီး ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ကုိဗစ္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီနဲ႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသို႔ လႉဒါန္း ခဲ့တာပါ ။

Photo-Credit

လႉဒါန္းခဲ့တဲ့ ပစၥည္းေတြကေတာ့ (၁) Automatic နည္းလမ္းျဖင့္ တိက်ျမန္ဆန္စြာ COVID-19 ေရာဂါ ရွိမရွိ ( ၈ )နာရီအတြင္း လူေပါင္း (၃၈၀) ေက်ာ္၊ ၂၄ နာရီအတြင္း လူေပါင္း (၁၃၀၀) ေက်ာ္ကိုစစ္ေဆးႏိုင္ေသာ Cobas 6800 Analyser စက္တစ္လုံး (Made in Switzerland)၊

Photo-Credit

(၂) Cobas 6800 analyser စက္ႏွင့္တြဲဖက္၍ လူအေယာက္ (၁၁၀၀) ေက်ာ္ စစ္ေဆးႏိုင္သည့္ ေရာဂါရွာေဖြေရးေဆးရည္ Reagent (Made in USA)၊ (၃) အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း (NHL) ရဲ႕ Virology Lab အဆင့္ျမႇင့္တင္မႉလႉဒါန္းျခင္း (lab renovations including Air corn & lab fixtures/fittings)ေတြကို လႉန္ဒါန္းခဲ့တာျဖစ္ပါတယ္ ။

အဆုိပါ စက္ေတြဟာ US FDA မွာ မွတ္ပုံတင္ရရွိၿပီးတာနဲ႔ တၿပိဳင္နက္ ျမန္မာႏိုင္ငံအတြက္ ခြဲတမ္းရႏိုင္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ဂ်ာမနီ ႏိုင္ငံမွ ဖရန္႔ဖတ္ ေလဆိပ္သို႔ေရာက္ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Unicode

AA Medical Products Ltd ကနေ ကိုဗစ်ရောဂါ ရှိမရှိ ၂၄ နာရီ အတွင်း လူပေါင်း ၁,၃၀၀ ကျော်ကို စစ်ဆေးနိုင် တဲ့ စက်တစ်လုံး အပါ အဝင် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ကို ယနေ့ မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကို လှူဒါန်း လိုက် ပါ တယ်။

လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ကျိုက်က္ကဆံအားကစားကွင်း၊ ပြည်ထောင် စုခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ တာဖြစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်း ခဲ့တာပါ ။

လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ (၁) Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါ ရှိမရှိ ( ၈ )နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော်ကိုစစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊

(၂) Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊ (၃) အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ရဲ့ Virology Lab အဆင့်မြှင့်တင်မှူလှူဒါန်းခြင်း (lab renovations including Air corn & lab fixtures/fittings)တွေကို လှူန်ဒါန်းခဲ့တာဖြစ်ပါတယ် ။

အဆိုပါ စက်တွေဟာ US FDA မှာ မှတ်ပုံတင်ရရှိပြီးတာနဲ့ တပြိုင်နက် မြန်မာနိုင်ငံအတွက် ခွဲတမ်းရနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဂျာမနီ နိုင်ငံမှ ဖရန့်ဖတ် လေဆိပ်သို့ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *