အလုပ္သမား ( ၂၀,၀၀၀ ) နီးပါးကို quarantine ထားလိုက္ရဟု စင္ကာပူ အစိုးရသတင္းထုတ္ျပန္ ၊ ကူးစက္ခံရသူ စုစုေပါင္း (၁၃၀၉) ဦးထိရွိလာ

ဒီေန႕ ဧၿပီ ( ၅ ) ရက္ ညေန စင္ကာပူ အစိုးရ သတင္း ထုတ္ျပန္ခ်က္ အရ စင္ကာပူ တြင္ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မူ႕ စံခ်ိန္သစ္တင္သြားေၾကာင္းသိရပါတယ္။ အလုပ္သမား 20000 နီးပါးကို quarantine ထားလိုက္ရပါတယ္။ စင္ကာပူမွာ ေရာဂါပိုးကူးစက္ခံရသူ စုစုေပါင္း (၁၃၀၉) ဦး ရွိသြားၿပီျဖစ္ ပါတယ္ ။

ဒီေန႕ ကူးစက္ခံရသူ (၁၂၀) ဦးမွာ (၄) ဦးသည္ ျပည္ပမွ ဝင္ေရာက္လာေသာ Imported cases မ်ားျဖစ္ၿပီး (၁၁၆) ဦး သည္ ျပည္တြင္းကူးစက္မႈျဖစ္သည္။ ျပည္တြင္းကူးစက္မႈထဲမွ (၇၆) ဦးသည္ နိုင္ငံျခားသား Long term work pass holder မ်ားျဖစ္ၾကၿပီး အမ်ားစု သည္ S11 Dormitory ႏွင့္ Westlite in Toh Guan Dormitory မွ ျဖစ္ၾကပါတယ္။ ကူးဆက္ခံရတဲ့ အလုပ္သမားတန္းလွ်ားမွာ လူ ၂ ေသာင္းခန႔္ေနထိုင္ၿပီး ၎ ၂ ခုစလုံးကို ယခု အခါ ထိုေနရာ ၂ ခုကို ၁၄ ရက္သီးျခားခြဲထား လိုက္ၿပီျဖစ္ ပါတယ္ ။

Jurong East နားက Westlite Toh Guan အေဆာင္မွာ 28 ေယာက္ positive ေတြ႕ခဲ့ၿပီး လုပ္သား 6800 ကို quarantine ထားရပါတယ္။

Punggol က S11 အေဆာင္မွာ 62 ေယာက္ positive ေတြ႕ခဲ့ၿပီး အလုပ္သမား 13000 ကို quarantine ထားရပါတယ္။

အခု စုစုေပါင္း အလုပ္သမား 19800 ကို 14 ရက္ၾကာ quarantine ထားမွာျဖစ္ပါတယ္။ အခုဆိုရင္ အစိုးရဟာ တျခားအေဆာင္ေတြကိုပါ က်ပ္က်ပ္မတ္မတ္လိုက္ေနပါၿပီ။ အလုပ္သမားေဆာင္ ၂ ခုကေန ဒီထက္ပိုၿပီး positive ေတြ ေတြ႕လာအုံးမွာပါ။

ျမန္မာျပည္မွာ က်ေနာ္စိုးရိမ္တာက အလုပ္သမား အေဆာင္ေတြပါ။ က်ေနာ္အဲ့ဒီကိစၥကို မတ္လ ၅ ရက္က ေရးတဲ့စာမွာ ထည့္ခဲ့ပါေသးတယ္။ ျမန္မာျပည္မွာ ပိုဆိုးတာက အေဆာင္ေတြက ရက္ကြက္ထဲမွာ လူေနအိမ္ေတြနဲ႕ ေရာေနတာပါ။ စက္မႈဇုံက လုပ္သားေတြဆီ ကူးစက္သြားရင္ မီးထက္ဆိုးပါမယ္။ မီးကမွ ၿငိမ္းရလြယ္ပါလိမ့္မယ္ ခင္ဗ်ား။

စင္ကာပူ မွာ ေရာဂါပိုးကူးစက္ခံရသူ စုစုေပါင္း (၁၃၀၉) ဦးရွိၿပီး… ေရာဂါသက္သာလာလို႔ ေဆး႐ုံမွ ဆင္းသူ စုစုေပါင္း – ၂၉၇ ဦးရွိၿပီး ေသဆုံးသူစုစုေပါင္း- ၆ ဦးရွိေၾကာင္းသိရပါတယ္။

Unicode

ဒီနေ့ ဧပြီ ( ၅ ) ရက် ညနေ စင်ကာပူ အစိုးရ သတင်း ထုပ်ပြန်ချက် အရ စင်ကာပူ တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မူ့ စံချိန်သစ်တင်သွားကြောင်းသိရပါတယ်။ အလုပ်သမား 20000 နီးပါးကို quarantine ထားလိုက်ရပါတယ်။ စင်ကာပူမှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (၁၃၀၉) ဦး ရှိသွားပြီဖြစ် ပါတယ် ။

ဒီနေ့ ကူးစက်ခံရသူ (၁၂၀) ဦးမှာ (၄) ဦးသည် ပြည်ပမှ ဝင်ရောက်လာသော Imported cases များဖြစ်ပြီး (၁၁၆) ဦး သည် ပြည်တွင်းကူးစက်မှုဖြစ်သည်။ ပြည်တွင်းကူးစက်မှုထဲမှ (၇၆) ဦးသည် နိုင်ငံခြားသား Long term work pass holder များဖြစ်ကြပြီး အများစု သည် S11 Dormitory နှင့် Westlite in Toh Guan Dormitory မှ ဖြစ်ကြပါတယ်။ ကူးဆက်ခံရတဲ့ အလုပ်သမားတန်းလျှားမှာ လူ ၂ သောင်းခန့်နေထိုင်ပြီး ၎င်း ၂ ခုစလုံးကို ယခု အခါ ထိုနေရာ ၂ ခုကို ၁၄ ရက်သီးခြားခွဲထား လိုက်ပြီဖြစ် ပါတယ် ။

Jurong East နားက Westlite Toh Guan အဆောင်မှာ 28 ယောက် positive တွေ့ခဲ့ပြီး လုပ်သား 6800 ကို quarantine ထားရပါတယ်။

Punggol က S11 အဆောင်မှာ 62 ယောက် positive တွေ့ခဲ့ပြီး အလုပ်သမား 13000 ကို quarantine ထားရပါတယ်။

အခု စုစုပေါင်း အလုပ်သမား 19800 ကို 14 ရက်ကြာ quarantine ထားမှာဖြစ်ပါတယ်။ အခုဆိုရင် အစိုးရဟာ တခြားအဆောင်တွေကိုပါ ကျပ်ကျပ်မတ်မတ်လိုက်နေပါပြီ။ အလုပ်သမားဆောင် ၂ ခုကနေ ဒီထက်ပိုပြီး positive တွေ တွေ့လာအုံးမှာပါ။

မြန်မာပြည်မှာ ကျနော်စိုးရိမ်တာက အလုပ်သမား အဆောင်တွေပါ။ ကျနော်အဲ့ဒီကိစ္စကို မတ်လ ၅ ရက်က ရေးတဲ့စာမှာ ထည့်ခဲ့ပါသေးတယ်။ မြန်မာပြည်မှာ ပိုဆိုးတာက အဆောင်တွေက ရက်ကွက်ထဲမှာ လူနေအိမ်တွေနဲ့ ရောနေတာပါ။ စက်မှုဇုံက လုပ်သားတွေဆီ ကူးစက်သွားရင် မီးထက်ဆိုးပါမယ်။ မီးကမှ ငြိမ်းရလွယ်ပါလိမ့်မယ် ခင်ဗျား။

စင်ကာပူ မှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (၁၃၀၉) ဦးရှိပြီး… ရောဂါသက်သာလာလို့ ဆေးရုံမှ ဆင်းသူ စုစုပေါင်း – ၂၉၇ ဦးရှိပြီး သေဆုံးသူစုစုပေါင်း- ၆ ဦးရှိကြောင်းသိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *