အေမရိကန္တြင္ ” Bronx zoo ” မွ က်ား မ်ားပါ ကိုရိုနာဗိုင္းရပ္ကူးစက္ ကာ ကမာၻမွာ ပိုးေတြ႕သူ 1.2 သန္းေက်ာ္သြားျခင္းႏွင့္ ယေန႔ ကိုရိုနာဗိုင္းရပ္စ္ သတင္းမ်ား

April 6 ရက္ COVID-19 သတင္းစုံ ။ ။

ျမန္မာနိုင္ငံမွာ ယေန႕အထိ COVID-19 ေတြ႕သူ ( 21 ) ေယာက္ရွိၿပီး ေသဆုံးသူ 1 ေယာက္ ရွိပါၿပီ။ မေန႕က ပိုးရွိသူအသစ္ မေတြ႕ပါ။ၾကာသပေတးေန႕ အထိ ျမန္မာျပည္က လူ 1102 ေယာက္ကို test လုပ္ေပးခဲ့ၿပီးျဖစ္ပါတယ္။ ပိုက်ယ္က်ယ္ျပန႔္ျပန႔္စစ္နိုင္ဖို႔ biosafety level 3 ရွိတဲ့ lab ေတြ ထပ္ဖြင့္ ဖို႔ လုပ္ေနၿပီလို႔ ဆို ပါတယ္ ။

ကမာၻမွာ မေန႕က ပိုးေတြ႕သူ 1.2 သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္ ။ ဘယ္သူမွ မထင္ထားတဲ့ အေျခအေနပါ ။

အာစီယံေဒသအတြင္း အေျခအေန

စင္ကာပူ မွာ ေရာဂါရွိသူအသစ္ 120 ေယာက္ အထိ စံခ်ိန္တင္ ေတြ႕ခဲ့ပါတယ္။ ျပည္တြင္းေတြ႕သူ 69 ေယာက္ရွိပါတယ္။ စုစုေပါင္း 1309 ရွိပါၿပီ။စင္ကာပူက အသစ္ေတြ႕သူေတြထဲမွာ လုပ္သားေတြေနတဲ့ အေဆာင္ 2 ေဆာင္က 90 ေတြ႕ထားတာမို႔ လုပ္သား 20000 နီးပါးကို quarantine ထားပါတယ္။အရင္ရက္က ေတြ႕တဲ့ လုပ္သားေတြထဲမွာ ျမန္မာေတြပါပါတယ္။ျပပြဲေတြလုပ္ေလ့ရွိတဲ့ Singapore Expo ကို ေဆး႐ုံက ျပန္ဆင္းလာၿပီး ကူးစက္မွာ စိုးရိမ္ရေသးတဲ့ လူနာေတြထားဖို႔ ျပင္ဆင္ေနပါတယ္။

My World Preschool မူႀကိဳမွာ ေက်ာင္းသားတစ္ေယာက္မွာ ပိုးေတြ႕ခဲ့တာမို႔ ယာယီပိတ္ထားလိုက္ပါတယ္။အစိုးရဝန္ထမ္းတစ္ေယာက္နဲ႕ သူ႕ေယာက္က်ားကို စင္ကာပူမွာ ေက်ာင္းေတြပိတ္ၿပီး အိမ္ကေန online သင္မယ့္အေၾကာင္း မေၾကညာခင္ သတင္းေပါက္ၾကားမႈနဲ႕ ဖမ္းဆီးခဲ့ပါတယ္။🇮🇩 အင္ဒိုနီးရွားမွာ ေတြ႕သူ 2273 ေယာက္ရွိကာ ေသသူ 198 ေယာက္ရွိပါၿပီ။🇲🇾 မေလးရွားမွာ ေတြ႕ရွိသူ 3662 ေယာက္ အထိ ရွိလာၿပီး ေသဆုံးသူ 61 ေယာက္ရွိပါၿပီ။🇹🇭 ထိုင္းမွာ ကာဖ်ဳးထုတ္လိုက္တဲ့အတြက္ ျပည့္တန္ဆာ သုံးသိန္းေလာက္ အလုပ္လက္မဲ့ ျဖစ္သြားပါတယ္။ထိုင္းဟာ တ႐ုတ္ျပည္အျပင္မွာ ပထမဆုံး COVID လူနာ စေတြ႕ခဲ့တဲ့ နိုင္ငံပါ။ ေတြ႕သူဦးေရ ဆယ္ဂဏန္းမွာ အေတာ္ၿငိမ္ေနၿပီးမွ ဒီလ၂ ပတ္အတြင္းမွာ ၂၀၀၀ ေက်ာ္ကို ခုန္တက္သြားတာပါ။🇱🇦 လာအို ေတြ႕သူ 11 ေယာက္ရွိသြားပါၿပီ။ အသစ္ 1 ေယာက္တိုးပါတယ္။

က်န္အာရွနိုင္ငံမ်ား အေျခအေန

တ႐ုတ္ျပည္မွာ အသစ္ေတြ႕သူ 30 အထိတိုးလာခဲ့ၿပီး ျပည္တြင္းကူးစက္သူ 5 ေယာက္ရွိပါတယ္။စေနေန႕က ပိုးရွိၿပီး ေရာဂါလကၡဏာမျပသူ 47 ေယာက္ေတြ႕ရွိခဲ့ပါတယ္။ ဒီလူေတြက အဓိက ေခါင္းခဲစရာျဖစ္ေနပါတယ္။တ႐ုတ္ျပည္ဟာ အခုခ်ိန္မွာ မတ္လကစၿပီး mask အေရအတြက္ 4 billion ကို ျပည္ပကို တင္ပို႔ၿပီးပါၿပီ။ အနည္းဆုံး ေဒၚလာ ဘီလီယံခ်ီ ရသြားမွာပါ။PPE 37.5 မီလီယံ, ventilator 16000 နဲ႕ testing kits 2.84 မီလီယံ တင္ပို႔ခဲ့ပါတယ္တဲ့။တ႐ုတ္ဟာ test kits ကို တစ္ေန႕ 4 မီလီယံအထိ တိုးထုတ္ပါေတာ့မယ္။​🇯🇵 ဂ်ပန္မွာ အသစ္ 130 စံခ်ိန္တင္အျဖစ္ ေတြ႕ခဲ့ပါတယ္။ စုစုေပါင္း 1000 ေက်ာ္သြားပါၿပီ။

ဂ်ပန္မွာ ဝန္ႀကီးခ်ဳပ္အာေဘးက နက္ျဖန္ အဂၤါေန႕မွာ နိုင္ငံ့အေရးေပၚ အေျခအေန ေၾကညာေကာင္း ေၾကညာနိုင္ပါတယ္။🇮🇳 အိႏၵိယမွာ မေန႕က ဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ ည 9 နာရီ 9 မိနစ္ မီးပိတ္ အစီအစဥ္ကို လိုက္နာၿပီး ျပည္သူေတြ ညီညီၫြတ္ၫြတ္ရွိေၾကာင္း ျပခဲ့ပါတယ္။

Photo-Credit

🇵🇰 ပါကစၥတန္ရွိ Lahore မွာလုပ္ခဲ့တဲ့ Tablighi Jamaat ရဲ႕ ဘာသာေရးပြဲေၾကာင့္ လူ 20000 ကို quarantine ထားရၿပီး လူေပါင္း ေသာင္းနဲ႕ခ်ီကာ ထပ္ရွာေနရပါတယ္။

အခုထိ ထိုပြဲကေန 154 ေယာက္ positive ေတြ႕ေနပါၿပီ။ လူ တစ္သိန္းေလာက္ တက္ခဲ့တယ္လို႔ ဆိုပါတယ္။Tablighi ရဲ႕ပြဲေတြဟာ ဒီအေတာအတြင္း ကူးစက္မႈေတြ အခ်ိဳ႕နိုင္ငံမွာ အႀကီးအက်ယ္ျဖစ္ေစခဲ့ပါတယ္။ထိုပြဲေတြက ျပန္လာသူဟာ ျမန္မာျပည္မွာလည္း ရွိနိုင္ပါတယ္။

က်န္နိုင္ငံမ်ား အေျခအေန

အေမရိကန္နိုင္ငံမွာ ေတြ႕သူ 336673 ေယာက္ ရွိလာပါၿပီ။ ေသဆုံးသူ 9616 ေယာက္ရွိပါၿပီ။မေန႕က အသစ္ 25316 ေတြ႕ခဲ့ပါတယ္။ 1165 ထပ္ေသခဲ့ပါတယ္။စစ္တမ္းတစ္ခုအရ COVID စကတည္းက တ႐ုတ္ျပည္မွ လူမ်ိဳးေပါင္းစုံ စုစုေပါင္း 430000 ဟာ အေမရိကန္ကို ခရီးထြက္ခဲ့ၾကပါတယ္။ အေမရိကန္က ေသခ်ာစစ္နိုင္ခဲ့ရဲ႕လား ေမးခြန္းထုတ္ေနၾကပါတယ္။New York ဟာ တ႐ုတ္ျပည္ကေန ေလယာဥ္အစီးလိုက္ ventilator 1100 ကို လက္ခံရရွိခဲ့ပါတယ္။

အလီဘာဘာ သူေဌးႀကီး ဂ်က္မားနဲ႕ ဂ်ိဳးဇက္ဆိုင္တို႔က လႈဒါန္းေပးခဲ့တာျဖစ္ပါတယ္။ ဘုန္းႀကီးေက်ာင္းေတာင္မွျပည့္စုံတဲ့ေက်ာင္းကပိုလႈမယ့္လူေပါတာဓမၼတာပါ။ New York က Bronx zoo ရွိ က်ားတစ္ေကာင္မွာ COVID positive ျဖစ္တာ ေတြ႕ခဲ့ရပါတယ္။ အခု က်ား 4 ေကာင္နဲ႕ ျခေသၤ့ 3 ေကာင္ဟာ ေခ်ာင္းဆိုးေနၾကပါတယ္။

Photo-Credit

ဥေရာပအေျခအေန

ဥေရာပနိုင္ငံေတြမွာ ေတြ႕ႏႈန္းျပန္က်လာပါတယ္။ ၿပီးခဲ့တဲ့အပတ္က ဥေရာပအတြက္ အဆိုးဝါးဆုံး စိန္ေခၚမႈျဖစ္ခဲ့တာပါ။🇬🇧 UK မွာ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ဟာ positive ျဖစ္ၿပီး 10 ရက္အၾကာမွာ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႕ ေဆး႐ုံတက္ေနပါတယ္။အယ္လီဇဘက္ဘုရင္မႀကီးက ျပည္သူေတြ တည္ၿငိမ္ၾကဖို႔ ဒုတိယကမာၻစစ္က စိတ္ဓာတ္နဲ႕ စည္းလုံးစြာ ကိုရိုနာကို ျပန္ခုခံဖို႔ TV ကေန မိန႔္ၾကားခဲ့ပါတယ္။🇮🇪 အိုင္ယာလန္ ဝန္ႀကီးခ်ဳပ္ Leo Varadkar ဟာ ဆရာဝန္အျဖစ္နားၾကပ္ျပန္ကိုင္ၿပီး COVID စစ္ပြဲမွာ သူပါဝင္ကူေနပါၿပီတဲ့။🇫🇷 ျပင္သစ္မွာ ဆူဒန္က ဒုကၡသည္တစ္ေယာက္ဟာ ဓားကိုင္ၿပီး “Allah Akbar!” ေအာ္ၿပီးလိုက္ထိုးတာေၾကာင့္ လူႏွစ္ေယာက္ ေသဆုံးခဲ့ပါတယ္။သူဟာ အာရဗီဘာသာနဲ႕ ဆုေတာင္းေနတာ ကိုေတြ႕ၿပီး ရဲကဖမ္းဆီးနိုင္ခဲ့ပါတယ္။ အခုလိုအခ်ိန္မွာ ျပင္သစ္အတြက္ အေတာ္ အက်ပ္ရိုက္ေစခဲ့ပါတယ္။

အီတလီနဲ႕ 🇪🇸 စပိန္မွာ ေသႏႈန္းျပန္ေလ်ာ့လာပါၿပီ။April 6 ရက္ေန႕ ယေန႕မနက္သိရသမွ် COVID-19 အေျခအေန ကိုဆက္ပါမယ္။ယေန႕ တကမာၻလုံး ေရာဂါပိုးေတြ႕သူ 1272953 ေယာက္၊ ေသသူ 69428 ေယာက္။ ျပန္ေကာင္းသူ 262331 ေယာက္။အခုထိစစ္တမ္းအရ လူ ၁၀၀ ျဖစ္ရင္ 5% က အသည္းအသန္ျဖစ္ပါတယ္။ 16% မွ က်လာတာပါ။
ပိတ္လိုက္တဲ့ case 331759 မွာ 262331 ျပန္ေကာင္းၿပီး 69428 ေယာက္ေသဆုံးခဲ့တာေၾကာင့္ ေသႏႈန္းက 21% အထိတက္လာပါတယ္။

ယေန႕ မနက္ 8:12 အထိသိသမွ်ပါ။

Richard Myo Thant

Unicode

April 6 ရက် COVID-19 သတင်းစုံ ။ ။

မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 21 ) ယောက်ရှိပြီး သေဆုံးသူ 1 ယောက် ရှိပါပြီ။ မနေ့က ပိုးရှိသူအသစ် မတွေ့ပါ။ကြာသပတေးနေ့ အထိ မြန်မာပြည်က လူ 1102 ယောက်ကို test လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ပိုကျယ်ကျယ်ပြန့်ပြန့်စစ်နိုင်ဖို့ biosafety level 3 ရှိတဲ့ lab တွေ ထပ်ဖွင့် ဖို့ လုပ်နေပြီလို့ ဆို ပါတယ် ။

ကမ္ဘာမှာ မနေ့က ပိုးတွေ့သူ 1.2 သန်းကျော်သွားပြီ ဖြစ်ပါတယ် ။ ဘယ်သူမှ မထင်ထားတဲ့ အခြေအနေပါ ။

အာစီယံဒေသအတွင်း အခြေအနေ

စင်ကာပူ မှာ ရောဂါရှိသူအသစ် 120 ယောက် အထိ စံချိန်တင် တွေ့ခဲ့ပါတယ်။ ပြည်တွင်းတွေ့သူ 69 ယောက်ရှိပါတယ်။ စုစုပေါင်း 1309 ရှိပါပြီ။စင်ကာပူက အသစ်တွေ့သူတွေထဲမှာ လုပ်သားတွေနေတဲ့ အဆောင် 2 ဆောင်က 90 တွေ့ထားတာမို့ လုပ်သား 20000 နီးပါးကို quarantine ထားပါတယ်။အရင်ရက်က တွေ့တဲ့ လုပ်သားတွေထဲမှာ မြန်မာတွေပါပါတယ်။ပြပွဲတွေလုပ်လေ့ရှိတဲ့ Singapore Expo ကို ဆေးရုံက ပြန်ဆင်းလာပြီး ကူးစက်မှာ စိုးရိမ်ရသေးတဲ့ လူနာတွေထားဖို့ ပြင်ဆင်နေပါတယ်။

My World Preschool မူကြိုမှာ ကျောင်းသားတစ်ယောက်မှာ ပိုးတွေ့ခဲ့တာမို့ ယာယီပိတ်ထားလိုက်ပါတယ်။အစိုးရဝန်ထမ်းတစ်ယောက်နဲ့ သူ့ယောက်ကျားကို စင်ကာပူမှာ ကျောင်းတွေပိတ်ပြီး အိမ်ကနေ online သင်မယ့်အကြောင်း မကြေညာခင် သတင်းပေါက်ကြားမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။🇮🇩 အင်ဒိုနီးရှားမှာ တွေ့သူ 2273 ယောက်ရှိကာ သေသူ 198 ယောက်ရှိပါပြီ။🇲🇾 မလေးရှားမှာ တွေ့ရှိသူ 3662 ယောက် အထိ ရှိလာပြီး သေဆုံးသူ 61 ယောက်ရှိပါပြီ။🇹🇭 ထိုင်းမှာ ကာဖျုးထုတ်လိုက်တဲ့အတွက် ပြည့်တန်ဆာ သုံးသိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ထိုင်းဟာ တရုတ်ပြည်အပြင်မှာ ပထမဆုံး COVID လူနာ စတွေ့ခဲ့တဲ့ နိုင်ငံပါ။ တွေ့သူဦးရေ ဆယ်ဂဏန်းမှာ အတော်ငြိမ်နေပြီးမှ ဒီလ၂ ပတ်အတွင်းမှာ ၂၀၀၀ ကျော်ကို ခုန်တက်သွားတာပါ။🇱🇦 လာအို တွေ့သူ 11 ယောက်ရှိသွားပါပြီ။ အသစ် 1 ယောက်တိုးပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ

တရုတ်ပြည်မှာ အသစ်တွေ့သူ 30 အထိတိုးလာခဲ့ပြီး ပြည်တွင်းကူးစက်သူ 5 ယောက်ရှိပါတယ်။စနေနေ့က ပိုးရှိပြီး ရောဂါလက္ခဏာမပြသူ 47 ယောက်တွေ့ရှိခဲ့ပါတယ်။ ဒီလူတွေက အဓိက ခေါင်းခဲစရာဖြစ်နေပါတယ်။တရုတ်ပြည်ဟာ အခုချိန်မှာ မတ်လကစပြီး mask အရေအတွက် 4 billion ကို ပြည်ပကို တင်ပို့ပြီးပါပြီ။ အနည်းဆုံး ဒေါ်လာ ဘီလီယံချီ ရသွားမှာပါ။PPE 37.5 မီလီယံ, ventilator 16000 နဲ့ testing kits 2.84 မီလီယံ တင်ပို့ခဲ့ပါတယ်တဲ့။တရုတ်ဟာ test kits ကို တစ်နေ့ 4 မီလီယံအထိ တိုးထုတ်ပါတော့မယ်။🇯🇵 ဂျပန်မှာ အသစ် 130 စံချိန်တင်အဖြစ် တွေ့ခဲ့ပါတယ်။ စုစုပေါင်း 1000 ကျော်သွားပါပြီ။

ဂျပန်မှာ ဝန်ကြီးချုပ်အာဘေးက နက်ဖြန် အင်္ဂါနေ့မှာ နိုင်ငံ့အရေးပေါ် အခြေအနေ ကြေညာကောင်း ကြေညာနိုင်ပါတယ်။🇮🇳 အိန္ဒိယမှာ မနေ့က ဝန်ကြီးချုပ်မိုဒီရဲ့ ည 9 နာရီ 9 မိနစ် မီးပိတ် အစီအစဉ်ကို လိုက်နာပြီး ပြည်သူတွေ ညီညီညွတ်ညွတ်ရှိကြောင်း ပြခဲ့ပါတယ်။

🇵🇰 ပါကစ္စတန်ရှိ Lahore မှာလုပ်ခဲ့တဲ့ Tablighi Jamaat ရဲ့ ဘာသာရေးပွဲကြောင့် လူ 20000 ကို quarantine ထားရပြီး လူပေါင်း သောင်းနဲ့ချီကာ ထပ်ရှာနေရပါတယ်။

အခုထိ ထိုပွဲကနေ 154 ယောက် positive တွေ့နေပါပြီ။ လူ တစ်သိန်းလောက် တက်ခဲ့တယ်လို့ ဆိုပါတယ်။Tablighi ရဲ့ပွဲတွေဟာ ဒီအတောအတွင်း ကူးစက်မှုတွေ အချို့နိုင်ငံမှာ အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ထိုပွဲတွေက ပြန်လာသူဟာ မြန်မာပြည်မှာလည်း ရှိနိုင်ပါတယ်။

ကျန်နိုင်ငံများ အခြေအနေ

အမေရိကန်နိုင်ငံမှာ တွေ့သူ 336673 ယောက် ရှိလာပါပြီ။ သေဆုံးသူ 9616 ယောက်ရှိပါပြီ။မနေ့က အသစ် 25316 တွေ့ခဲ့ပါတယ်။ 1165 ထပ်သေခဲ့ပါတယ်။စစ်တမ်းတစ်ခုအရ COVID စကတည်းက တရုတ်ပြည်မှ လူမျိုးပေါင်းစုံ စုစုပေါင်း 430000 ဟာ အမေရိကန်ကို ခရီးထွက်ခဲ့ကြပါတယ်။ အမေရိကန်က သေချာစစ်နိုင်ခဲ့ရဲ့လား မေးခွန်းထုတ်နေကြပါတယ်။New York ဟာ တရုတ်ပြည်ကနေ လေယာဉ်အစီးလိုက် ventilator 1100 ကို လက်ခံရရှိခဲ့ပါတယ်။

အလီဘာဘာ သူဌေးကြီး ဂျက်မားနဲ့ ဂျိုးဇက်ဆိုင်တို့က လှုဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတောင်မှပြည့်စုံတဲ့ကျောင်းကပိုလှုမယ့်လူပေါတာဓမ္မတာပါ။ New York က Bronx zoo ရှိ ကျားတစ်ကောင်မှာ COVID positive ဖြစ်တာ တွေ့ခဲ့ရပါတယ်။ အခု ကျား 4 ကောင်နဲ့ ခြငေ်္သ့ 3 ကောင်ဟာ ချောင်းဆိုးနေကြပါတယ်။

ဥရောပအခြေအနေ

ဥရောပနိုင်ငံတွေမှာ တွေ့နှုန်းပြန်ကျလာပါတယ်။ ပြီးခဲ့တဲ့အပတ်က ဥရောပအတွက် အဆိုးဝါးဆုံး စိန်ခေါ်မှုဖြစ်ခဲ့တာပါ။🇬🇧 UK မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ positive ဖြစ်ပြီး 10 ရက်အကြာမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံတက်နေပါတယ်။အယ်လီဇဘက်ဘုရင်မကြီးက ပြည်သူတွေ တည်ငြိမ်ကြဖို့ ဒုတိယကမ္ဘာစစ်က စိတ်ဓာတ်နဲ့ စည်းလုံးစွာ ကိုရိုနာကို ပြန်ခုခံဖို့ TV ကနေ မိန့်ကြားခဲ့ပါတယ်။🇮🇪 အိုင်ယာလန် ဝန်ကြီးချုပ် Leo Varadkar ဟာ ဆရာဝန်အဖြစ်နားကြပ်ပြန်ကိုင်ပြီး COVID စစ်ပွဲမှာ သူပါဝင်ကူနေပါပြီတဲ့။🇫🇷 ပြင်သစ်မှာ ဆူဒန်က ဒုက္ခသည်တစ်ယောက်ဟာ ဓားကိုင်ပြီး “Allah Akbar!” အော်ပြီးလိုက်ထိုးတာကြောင့် လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။သူဟာ အာရဗီဘာသာနဲ့ ဆုတောင်းနေတာ ကိုတွေ့ပြီး ရဲကဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခုလိုအချိန်မှာ ပြင်သစ်အတွက် အတော် အကျပ်ရိုက်စေခဲ့ပါတယ်။

အီတလီနဲ့ 🇪🇸 စပိန်မှာ သေနှုန်းပြန်လျော့လာပါပြီ။April 6 ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 1272953 ယောက်၊ သေသူ 69428 ယောက်။ ပြန်ကောင်းသူ 262331 ယောက်။အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။
ပိတ်လိုက်တဲ့ case 331759 မှာ 262331 ပြန်ကောင်းပြီး 69428 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 21% အထိတက်လာပါတယ်။

ယနေ့ မနက် 8:12 အထိသိသမျှပါ။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *