တမာရြက္ က ကိုရိုနာဗိုင္းရပ္စ္ ကုိ တကယ္ေပ်ာက္ေစႏုိင္လား…က်န္းမာေရးဌာန ေဒါက္တာ ‌သာထြန္းေက်ာ္ ေျပာၿပီ

တမာ႐ြက္ဟာ ကုိရုိနာ ဗုိင္းရပ္စ္ ေရာဂါ ကို ကာကြယ္ႏို င္တယ္ ဆိုတာ သိပၸံနည္းက် လက္ခံ အတည္ျပဳထားျခင္း မဟုတ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန မွ ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာ ‌သာထြန္းေက်ာ္က ေျပာ ပါတယ္ ။

လူမႈ ကြန္ရက္ စာမ်က္ႏွာေပၚ မွာ ၿပီးခဲ့တဲ့ ရက္ပိုင္း က တမာ႐ြက္စားရင္ ကုိဗစ္ေရာဂါ ေပ်ာက္တယ္ဆိုတဲ့ အသံဖိုင္တစ္ခု ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အဲ့ဒီအသံဖိုင္ေၾကာင့္ လူအခ်ိဳ႕ဟာ တမာ႐ြက္ေတြကို ခူးၿပီး ျပဳတ္ေသာက္ တာမ်ိဳး၊ တို႔စားတာမ်ိဳးေတြ ျပဳလုပ္လာၾက ပါ တယ္ ။ ဒီကိစ ၥနဲ႔ပတ္သက္ၿပီး ေဒါက္တာ သာထြန္းေက်ာ္ က ေအာက္ပါတုိင္း ေျပာပါ တယ္။

Photo-Credit

“ကို႐ိုနာဗိုင္းရပ္စ္ဟာ ဗိုင္းရပ္စ္အသစ္ျဖစ္ ပါတယ္ ။ ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ နည္းပညာပိုင္းဆိုင္ရာ သိပၸံပညာရပ္နဲ႔ဆိုင္ရာ အခ်က္အလက္ေတြ အားလုံး ေတာ္ေတာ္မ်ားမ်ားကို တစ္ကမာၻလုံးက ပညာရွင္ေတြက ေလ့လာဆဲပဲျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ တမာ႐ြက္ေသာက္လို႔ ေပ်ာက္တယ္ဆိုတာကလည္း သိပၸံနည္းက် ကြၽန္ေတာ္တို႔ လက္ခံၿပီးေတာ့ အတည္ျပဳထားတာ မဟုတ္ဘူးလို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္”

Photo-Credit

တမာ႐ြက္ဟာ တကယ္ ေပ်ာက္ကင္းႏိုင္တယ္ ဆိုၿပီး ျပည္သူအခ်ိဳ႕ရဲ႕ ယုံၾကည္မႈေၾကာင့္ ေဈးေတြမွာ တမာ႐ြက္ တစည္း ၅၀၀ဆိုၿပီး ေရာင္းခ်ေနတာေတြလည္း ရွိ ပါတယ္။ ကုိရုိနာဗုိင္းရပ္စ္ကို ကာကြယ္ႏိုင္မယ့္ေဆးဝါးဟာလည္း တစ္ကမာၻလုံးအတိုင္းအတာအရ မေတြ႕ရွိေသးဘူးလို႔ သိရပါတယ္။

ေဒါက္တာသာထြန္းေက်ာ္က “အခုထက္ထိေတာ့ ကြၽန္ေတာ္တို႔က တိတိက်က် သိပၸံနည္းက်က် ေလ့လာထားခ်က္ေတြ မရွိေသးပါဘူး။ သိပၸံပညာရွင္ေတြက ဒီဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့အခုထက္ထိေလ့လာဆဲပဲျဖစ္ပါတယ္။”

Photo-Credit

ျပည္သူေတြအေနနဲ႔ ေရာဂါပိုးကူးစက္မခံရေအာင္ျဖစ္ႏိုင္ရင္ အိမ္မွာပဲေနၿပီး လက္ကို မၾကာခဏ အၿမဲေဆးေၾကာေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ ထုတ္ျပန္ပါတယ္။

Unicode

တမာရွက်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကို ကာကွယ်နို င်တယ် ဆိုတာ သိပ္ပံနည်းကျ လက်ခံ အတည်ပြုထားခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ‌သာထွန်းကျော်က ပြော ပါတယ် ။

လူမှု ကွန်ရက် စာမျက်နှာပေါ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က တမာရွက်စားရင် ကိုဗစ်ရောဂါ ပျောက်တယ်ဆိုတဲ့ အသံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီအသံဖိုင်ကြောင့် လူအချို့ဟာ တမာရွက်တွေကို ခူးပြီး ပြုတ်သောက် တာမျိုး၊ တို့စားတာမျိုးတွေ ပြုလုပ်လာကြ ပါ တယ် ။ ဒီကိစ ္စနဲ့ပတ်သက်ပြီး ဒေါက်တာ သာထွန်းကျော် က အောက်ပါတိုင်း ပြောပါ တယ်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်အသစ်ဖြစ် ပါတယ် ။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ သိပ္ပံပညာရပ်နဲ့ဆိုင်ရာ အချက်အလက်တွေ အားလုံး တော်တော်များများကို တစ်ကမ္ဘာလုံးက ပညာရှင်တွေက လေ့လာဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တမာရွက်သောက်လို့ ပျောက်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ကျွန်တော်တို့ လက်ခံပြီးတော့ အတည်ပြုထားတာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်”

တမာရွက်ဟာ တကယ် ပျောက်ကင်းနိုင်တယ် ဆိုပြီး ပြည်သူအချို့ရဲ့ ယုံကြည်မှုကြောင့် ဈေးတွေမှာ တမာရွက် တစည်း ၅၀၀ဆိုပြီး ရောင်းချနေတာတွေလည်း ရှိ ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့်ဆေးဝါးဟာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဒေါက်တာသာထွန်းကျော်က “အခုထက်ထိတော့ ကျွန်တော်တို့က တိတိကျကျ သိပ္ပံနည်းကျကျ လေ့လာထားချက်တွေ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့အခုထက်ထိလေ့လာဆဲပဲဖြစ်ပါတယ်။”

ပြည်သူတွေအနေနဲ့ ရောဂါပိုးကူးစက်မခံရအောင်ဖြစ်နိုင်ရင် အိမ်မှာပဲနေပြီး လက်ကို မကြာခဏ အမြဲဆေးကြောပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *