(၂၄) နာရီအတြင္း လူအေယာက္ေပါင္း ၁၃၀၀ ကို COVID-19 ပိုးရွိမရွိ စစ္ေဆးေပးနိုင္တဲ့ စက္ အပါ သိန္း ၈၀၀၀ ေက်ာ္ လွူဒါန္းလိုက္ တဲ့ အဂၢမဟာ သီရိသုဓမၼမဏိေဇာတိကဓရ

က်ပ္သိန္းေပါင္း ၈၈၅၂ သိန္း လႉဒါန္းလိုက္ တဲ့ အဂၢမဟာသီရိသုဓမၼမဏိေဇာတိကဓရ ..

ဦးေဇာ္မိုးခိုင္..ေဒါက္တာေစာေနႏြယ္…( AA-Medical Products )( Pacific-AA Group )-မိသားစု အလႉ

” AA Medical Products Ltd ကေန COVID-19 ေရာဂါရွိ မရွိ ၂၄ နာရီ အတြင္း လူေပါင္း ၁,၃၀၀ ေက်ာ္ကိုစစ္ေဆးနိုင္ တဲ့ စက္တစ္လုံး အပါအဝင္ က်ပ္သိန္းေပါင္း ၈,၀၀၀ ေက်ာ္တန္ဖိုးရွိ ပစၥည္မ်ား လွူဒါန္း”

Photo-Credit
Photo-Credit

ရန္ကု န္ ၊ဧၿပီလ – ၅ ရက္။ AA Medical Products Ltd ကေန COVID-19 ေရာဂါရွိမရွိ ၂၄ နာရီအတြင္း လူေပါင္း ၁,၃၀၀ ေက်ာ္ကိုစစ္ေဆးနိုင္တဲ့ စက္တစ္လုံးအပါအဝင္ က်ပ္သိန္းေပါင္း ၈,၀၀၀ ေက်ာ္တန္ဖိုးရွိပစၥည္ေတြကို သည္ကေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို လွူဒါန္းလိုက္ ပါတယ္ ။

လွူဒါန္းေပးအပ္ပြဲ အခမ္းအနားကို က်ိဳက္ကဆံအားကစားကြင္း၊ ျပည္ေထာင္စုခန္းမမွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ျပည္ေထာင္စု သမၼတျမန္မာနိုင္ငံေတာ္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီနဲ႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသို့ လွူဒါန္းခဲ့တာပါ။

Photo-Credit
Photo-Credit

လွူဒါန္းခဲ့တဲ့ ပစၥည္းေတြကေတာ့

1. Automatic နည္းလမ္းျဖင့္ တိက်ျမန္ဆန္စြာ COVID-19 ေရာဂါရွိမရွိ (၈)နာရီအတြင္း လူေပါင္း (၃၈၀) ေက်ာ္၊ ၂၄ နာရီအတြင္း လူေပါင္း (၁၃၀၀) ေက်ာ္ကိုစစ္ေဆးနိုင္ေသာ Cobas 6800 Analyser စက္တစ္လုံး (Made in Switzerland)၊

2. Cobas 6800 analyser စက္ႏွင့္တြဲဖက္၍ လူအေယာက္ (၁၁၀၀) ေက်ာ္ စစ္ေဆးနိုင္သည့္ ေရာဂါရွာေဖြေရးေဆးရည္ Reagent (Made in USA)၊

3. အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း (NHL) ရဲ့ Virology Lab အဆင့္ျမႇင့္တင္မွူလွူဒါန္းျခင္း (lab renovations including Air corn & lab fixtures/fittings)ေတြကို လွူန္ဒါန္းခဲ့တာျဖစ္ပါတယ္ ။

သည္စက္ေတြဟာ US FDA မွာ မွတ္ပုံတင္ရရွိၿပီးတာနဲ႔ တၿပိဳင္နက္ ျမန္မာနိုင္ငံအတြက္ ခြဲတမ္းရနိုင္ဖို့ ႀကိဳးစားခဲ့တာျဖစ္ၿပီး American နိုင္ငံမွ Frankfurt ေလဆိပ္သို့ေရာက္ရွိေနၿပီျဖစ္တယ္လို့ သိရပါတယ္။

Photo-Credit
Photo-Credit

US president, Indonesia president အပါအဝင္ နိုင္ငံႀကီးမ်ားက Roche Diagnostic ထံ လုယက္ဝယ္ယူေနၾကခ်ိန္တြင္ ျမန္မာနိုင္ငံ​၏ Distributor ျဖစ္ေသာ AA Medical Products Ltd ​၏ေတာင္းဆိုမွူ၊ လွူဒါန္းလိုမွူကို ယုံၾကည္စြာ နိုင္ငံႀကီးမ်ားနည္းတူ ဦးစားေပးခဲ့ပါေသာ Roche Diagnostic အား၎၊ လက္ခံစီစဥ္ေဆာင္ရြက္ေပးပါေသာ NHL မွတာဝန္ရွိသူမ်ားအား၎၊ အလွူလက္ခံေပးပါေသာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအား၎၊ Covid ကာလတြင္ က်န္းမာေရးေစာင့္ေရွာက္မွူလုပ္ငန္းမ်ားအတြက္ မၿငီးမျငဴတာဝန္ထမ္းေဆာင္ၾကေသာ AA Medical Products Ltd မွဝန္ထမ္းမ်ားအား၎ ေက်းဇူးအထူးတင္ရွိပါသည္။

Photo-Credit

ကၽြန္မတို့ရဲ့ COVID-19 အတြက္ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္လွူဒါန္းမွူ က်ပ္ သိန္း (8852)သိန္းမွာ COVID-19 ေရာဂါရွာေဖြ၊ ကုသေရးအတြက္ အေထာက္အကူတစ္စုံတစ္ရာရလိမ့္မယ္လို့ ေမၽွာ္လင့္ပါတယ္

Unicode

ကျပ်သိန်းပေါင်း ၈၈၅၂ သိန်း လှူဒါန်းလိုက် တဲ့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတိကဓရ ..

ဦးဇော်မိုးခိုင်..ဒေါက်တာစောနေနွယ်…( AA-Medical Products )( Pacific-AA Group )-မိသားစု အလှူ

” AA Medical Products Ltd ကနေ COVID-19 ရောဂါရှိ မရှိ ၂၄ နာရီ အတွင်း လူပေါင်း ၁,၃၀၀ ကျော်ကိုစစ်ဆေးနိုင် တဲ့ စက်တစ်လုံး အပါအဝင် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်များ လှူဒါန်း”

ရန်ကု န် ၊ဧပြီလ – ၅ ရက်။ AA Medical Products Ltd ကနေ COVID-19 ရောဂါရှိမရှိ ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်ကိုစစ်ဆေးနိုင်တဲ့ စက်တစ်လုံးအပါအဝင် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်တန်ဖိုးရှိပစ္စည်တွေကို သည်ကနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လှူဒါန်းလိုက် ပါတယ် ။

လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ကျိုက်ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့တာပါ။

လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့

1. Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိမရှိ (၈)နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော်ကိုစစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊

2. Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊

3. အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ရဲ့ Virology Lab အဆင့်မြှင့်တင်မှူလှူဒါန်းခြင်း (lab renovations including Air corn & lab fixtures/fittings)တွေကို လှူန်ဒါန်းခဲ့တာဖြစ်ပါတယ် ။

သည်စက်တွေဟာ US FDA မှာ မှတ်ပုံတင်ရရှိပြီးတာနဲ့ တပြိုင်နက် မြန်မာနိုင်ငံအတွက် ခွဲတမ်းရနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး American နိုင်ငံမှ Frankfurt လေဆိပ်သို့ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

US president, Indonesia president အပါအဝင် နိုင်ငံကြီးများက Roche Diagnostic ထံ လုယက်ဝယ်ယူနေကြချိန်တွင် မြန်မာနိုင်ငံ၏ Distributor ဖြစ်သော AA Medical Products Ltd ၏တောင်းဆိုမှူ၊ လှူဒါန်းလိုမှူကို ယုံကြည်စွာ နိုင်ငံကြီးများနည်းတူ ဦးစားပေးခဲ့ပါသော Roche Diagnostic အား၎င်း၊ လက်ခံစီစဉ်ဆောင်ရွက်ပေးပါသော NHL မှတာဝန်ရှိသူများအား၎င်း၊ အလှူလက်ခံပေးပါသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား၎င်း၊ Covid ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများအတွက် မငြီးမငြူတာဝန်ထမ်းဆောင်ကြသော AA Medical Products Ltd မှဝန်ထမ်းများအား၎င်း ကျေးဇူးအထူးတင်ရှိပါသည်။

ကျွန်မတို့ရဲ့ COVID-19 အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းမှူ ကျပ် သိန်း (8852)သိန်းမှာ COVID-19 ရောဂါရှာဖွေ၊ ကုသရေးအတွက် အထောက်အကူတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *