အိႏၵိယတြင္ LOCKDOWN ခ်စဥ္ ေမြးဖြားခဲ့သည္ အႁမႊာေလး ၂ ဦးအား ” ကို႐ိုနာ ႏွင့္ ကိုဗစ္ ” ဟု အမည္ေပး

အိႏၵိယ ႏိုင္ငံ Chhattisgarh ျပည္နယ္ က ဇနီးေမာင္ႏွံ ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ တစ္ႏိုင္ငံလုံး lockdown က်ခံေနရခ်ိန္ မွာ အႁမႊာေလး ၂ ဦး ေမြးဖြားခဲ့ၿပီး အဆိုပါ ကေလး ၂ ဦးကို Corona ႏွင့္ Covid ဟု အမည္မွည့္ေပး လိုက္ေၾကာင္း သိရသည္ ။ အိႏၵိယႏိုင္ငံ မွာ lockdown ခ်ၿပီး ႏွစ္ရက္အၾကာ မတ္လ ၂၇ ရက္ေန႔ က ျပည္နယ္ၿမိဳ႕ေတာ္ ႐ိုင္ပါရွိ အစိုးရေဆး႐ုံ ၌ အႁမႊာေယာက္်ားေလးႏွင့္ မိန္းကေလးအား ေမြးဖြားခဲ့ျခင္းျဖစ္သည္ ။

“အခက္အခဲ မ်ားစြာေတြ႕ႀကဳံၿပီးမွ ဒီကေလးေလးေတြကို ေမြးခဲ့ရတာပါ၊ ဒါေၾကာင့္ ကြၽန္မတို႔ႏွစ္ေယာက္က အမွတ္တရေလးျဖစ္သြားေအာင္ ဒီလိုနာမည္ေလးေပး လိုက္တာပါ” ဟု အသက္ ၂၇ ႏွစ္အ႐ြယ္ မိခင္ Preeti Verma က အိႏၵိယသတင္းဌာန Press Trust သို႔ ေျပာခဲ့သည္။

Photo-Credit

ႏိုင္ငံ ကို lockdown ခ်ထားသည့္ အတြက္ မိသားစုဝင္ မ်ားသည္ သူမရွိရာ Raipur သို႔ မလာႏိုင္ သျဖင့္ ေမြးဖြားခ်ိန္၌ အားကိုးရာမဲ့ျဖစ္ခဲ့သည္ဟု Verma က သူမ၏အခက္အခဲ ကိုေျပာျပသည္။ ထိုသို႔ႀကဳံေတြ႕ခဲ့ရသည္ အခက္အ ခဲမ်ားကို အမွတ္ရေနေစရန္ ကေလးႏွစ္ဦး ကို ကို႐ိုနာ ႏွင့္ ကိုဗစ္ ဟု အမည္ေပးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။ “ယာဥ္အသြားအလာေတြလည္း မရွိေတာ့ ကြၽန္မတို႔ေတြ ေဆး႐ုံကို ညႀကီးမိုးခ်ဳပ္မွ ေရာက္သြားခဲ့ၾကတယ္၊ ပင္ပင္ပန္းပန္း သြားလာၿပီး ေမြးဖြားခဲ့ရလို႔ နာမည္ေလးေတြကို အမွတ္တရအေနနဲ႔ ထူးထူးျခားျခား ျဖစ္ေစခ်င္တယ္၊ ဒီနာမည္ေပးဖို႔ ေဆး႐ုံဝန္ထမ္းေတြက အႀကံေပးခဲ့တာပါ” ဟု Verma ကေျပာသည္ ။

Photo-Credit

“ေနာက္ၿပီး နာမည္ေလးေတြ ကလွတယ္၊ ကို႐ိုနာဆိုတာ Crown (သရဖူ) ဆိုတဲ့ လက္တင္ စကားလုံးက ဆင္းသက္လာတာ၊ နာမည္ၾကားလိုက္တာနဲ႔ သူနဲ႔ပတ္သက္တဲ့ အေၾကာင္းကို ျပန္မွတ္မိၿပီး မေၾကာက္ေတာ့ဘဲ သန႔္ရွင္း ေရးကို အာ႐ုံစိုက္ေစခ်င္လို႔ပါ” ဟု ခင္ပြန္းျဖစ္သူ Venay Verma က ေျပာသည္။

ယခုကဲ့သို႔ နာမည္ေပးမႈအေပၚ မိသားစုဝင္မ်ားက သိပ္သေဘာမက်သည့္အတြက္ ကေလးနာမည္မ်ားကို ေနာက္မွ ျပန္ေျပာင္းမည္ဟု အဆိုပါဇနီးေမာင္ႏွံက ဆိုသည္။ မဇၨ်ိမ

Unicode

အိန္ဒိယ နိုင်ငံ Chhattisgarh ပြည်နယ် က ဇနီးမောင်နှံ ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံး lockdown ကျခံနေရချိန် မှာ အမြွှာလေး ၂ ဦး မွေးဖွားခဲ့ပြီး အဆိုပါ ကလေး ၂ ဦးကို Corona နှင့် Covid ဟု အမည်မှည့်ပေး လိုက်ကြောင်း သိရသည် ။ အိန္ဒိယနိုင်ငံ မှာ lockdown ချပြီး နှစ်ရက်အကြာ မတ်လ ၂၇ ရက်နေ့ က ပြည်နယ်မြို့တော် ရိုင်ပါရှိ အစိုးရဆေးရုံ ၌ အမြွှာယောက်ျားလေးနှင့် မိန်းကလေးအား မွေးဖွားခဲ့ခြင်းဖြစ်သည် ။

“အခက်အခဲ များစွာတွေ့ကြုံပြီးမှ ဒီကလေးလေးတွေကို မွေးခဲ့ရတာပါ၊ ဒါကြောင့် ကျွန်မတို့နှစ်ယောက်က အမှတ်တရလေးဖြစ်သွားအောင် ဒီလိုနာမည်လေးပေး လိုက်တာပါ” ဟု အသက် ၂၇ နှစ်အရွယ် မိခင် Preeti Verma က အိန္ဒိယသတင်းဌာန Press Trust သို့ ပြောခဲ့သည်။

နိုင်ငံ ကို lockdown ချထားသည့် အတွက် မိသားစုဝင် များသည် သူမရှိရာ Raipur သို့ မလာနိုင် သဖြင့် မွေးဖွားချိန်၌ အားကိုးရာမဲ့ဖြစ်ခဲ့သည်ဟု Verma က သူမ၏အခက်အခဲ ကိုပြောပြသည်။ ထိုသို့ကြုံတွေ့ခဲ့ရသည် အခက်အ ခဲများကို အမှတ်ရနေစေရန် ကလေးနှစ်ဦး ကို ကိုရိုနာ နှင့် ကိုဗစ် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ယာဉ်အသွားအလာတွေလည်း မရှိတော့ ကျွန်မတို့တွေ ဆေးရုံကို ညကြီးမိုးချုပ်မှ ရောက်သွားခဲ့ကြတယ်၊ ပင်ပင်ပန်းပန်း သွားလာပြီး မွေးဖွားခဲ့ရလို့ နာမည်လေးတွေကို အမှတ်တရအနေနဲ့ ထူးထူးခြားခြား ဖြစ်စေချင်တယ်၊ ဒီနာမည်ပေးဖို့ ဆေးရုံဝန်ထမ်းတွေက အကြံပေးခဲ့တာပါ” ဟု Verma ကပြောသည် ။

“နောက်ပြီး နာမည်လေးတွေ ကလှတယ်၊ ကိုရိုနာဆိုတာ Crown (သရဖူ) ဆိုတဲ့ လက်တင် စကားလုံးက ဆင်းသက်လာတာ၊ နာမည်ကြားလိုက်တာနဲ့ သူနဲ့ပတ်သက်တဲ့ အကြောင်းကို ပြန်မှတ်မိပြီး မကြောက်တော့ဘဲ သန့်ရှင်း ရေးကို အာရုံစိုက်စေချင်လို့ပါ” ဟု ခင်ပွန်းဖြစ်သူ Venay Verma က ပြောသည်။

ယခုကဲ့သို့ နာမည်ပေးမှုအပေါ် မိသားစုဝင်များက သိပ်သဘောမကျသည့်အတွက် ကလေးနာမည်များကို နောက်မှ ပြန်ပြောင်းမည်ဟု အဆိုပါဇနီးမောင်နှံက ဆိုသည်။ မဇ္ဇျိမ

Add a Comment

Your email address will not be published. Required fields are marked *