အီေကြေဒါ လမ္းမေပၚက စြန္႕ပစ္အေလာင္းမ်ား ကတ္ထူျပားေခါင္းတလားမ်ားျဖင့္သာ သျဂိဳလ္ေနရ

အီေကြေဒါႏိုင္ငံ ၏ ဒုတိယၿမိဳ႕ေတာ္ ဂြာရာကြီၿမိဳ ႕၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူမ်ားျပားလာသျဖင့္ ေခါင္းတလားမ်ား ျပတ္လပ္ေနၿပီျဖစ္ပါတယ္။ ေဒသခံမ်ားအေနျဖင့္ မတတ္သာသည့္အဆုံး ကတ္ထူျပားမ်ား အသုံးျပဳေနရေၾကာင္း ၿမိဳ႕ေတာ္ အာဏာပိုင္မ်ား က ေျပာၾကားခဲ့ ပါတယ္ ။

Photo-Credit

ေဒသခံလုပ္ငန္းရွင္မ်ားထံမွ ကတ္ထူေခါင္းတလား ၁၀၀၀ လႉဒါန္းမႈ ကို လက္ခံရရွိခဲ့ၿပီး ေဒသတြင္းရွိ သုႆန္ႏွစ္ခု တြင္ အသုံးျပဳရန္ ေပးပို႔ခဲ့ေၾကာင္း ပစိဖိတ္ပင္လယ္ ဆိပ္ကမ္းၿမိဳ႕ေတာ္ျဖစ္သည့္ ဂြာရာကြီၿမိဳ႕မွ အာဏာပိုင္မ်ားက ေျပာ ပါတယ္ ။

Photo-Credit

“ေခါင္းတလားေတြ မရွိေတာ့ သလို ရွိတဲ့ေခါင္းတလားကလည္း အလြန္အမင္း ေစ်းႀကီးပါတယ္ ” ဟု ၿမိဳ႕ ေတာ္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာပါတယ္။ စ်ာပနဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္သည့္ စီးပြားေရးသမား ဆန္တီယာဂိုအိုလီဗာရီက သူ႔၏ ကုမၸဏီ သည္ ဝယ္လိုအား ကို အမွီမလိုက္ႏိုင္ဟုဆိုပါတယ္။

Photo-Credit

ေစ်းအသက္သာဆုံး ေခါင္းတလားတစ္လုံးမွာ အေမရိကန္ေဒၚလာ ၄၀၀ ဝန္းက်င္ ကုန္က်ေၾကာင္း ၄င္း က ေျပာပါတယ္။ ၿမိဳ႕ေတာ္အတြင္း ၁၅ နာရီၾကာ ေနဝင္မီးၿငိမ္းအမိန္႔ေၾကာင့္ ေခါင္းတလားျပဳလုပ္သူမ်ားအတြက္ သစ္သားႏွင့္ သတၳဳကဲ့သို႔ေသာ အေျခခံကုန္ၾကမ္းပစၥည္းမ်ား ျပတ္လပ္ေစခဲ့ေၾကာင္း သူကဆိုပါတယ္။

Photo-Credit

ကိုဗစ္-၁၉ ကပ္ေရာဂါ အဆိုး႐ြားဆုံးခံေနရ သည့္ လက္တင္ အေမရိကတိုက္ရွိ ဂြာရာကြီၿမိဳ႕ရွိ လမ္းမမ်ား ေပၚ၌ စြန္႔ပစ္ထားေသာ အေလာင္းမ်ားပုံျပသသည့္ ႐ုပ္သံဖိုင္မ်ားကို ၿပီးခဲ့သည့္အပတ္တြင္ ေဒသခံမ်ားက လူမႈမီဒီ ယာမ်ားေပၚ တင္ခဲ့ၾကသည္ ။ ရင္ခြဲ႐ုံ အလုပ္သမားမ်ားက မဖယ္ရွားႏိုင္ေတာ့ေသာေၾကာင့္ အစိုးရက ယခုသီတင္း ပတ္အတြင္း လမ္းမမ်ား၊ ေနအိမ္မ်ားမွ အေလာင္း၁၅၀ ခန္႔ေကာက္ယူရန္ တပ္ဖြဲ႕မ်ားကို ေခၚယူခဲ့ရပါတယ္။

Photo-Credit

အက္ေကြေဒါႏိုင္ငံတြင္ ေသဆုံးသူ ၁၈၀ အပါအဝင္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ၃၆၄၆ မႈရွိၿပီး ကူးစက္မႈအ မ်ားစုမွာ ဂြာရာကြီၿမိဳ႕ေတာ္ႏွင့္ အနီးဝန္းက်င္ရွိ ဂြာရက္စ္ျပည္နယ္တြင္ ျဖစ္ပြားျခင္းျဖစ္ ပါတယ္။

ကိုးကား။ ေအအက္ဖ္ပီ

Unicode

အီကွေဒေါနိုင်ငံ ၏ ဒုတိယမြို့တော် ဂွာရာကွီမြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများပြားလာသဖြင့် ခေါင်းတလားများ ပြတ်လပ်နေပြီဖြစ်ပါတယ်။ ဒေသခံများအနေဖြင့် မတတ်သာသည့်အဆုံး ကတ်ထူပြားများ အသုံးပြုနေရကြောင်း မြို့တော် အာဏာပိုင်များ က ပြောကြားခဲ့ ပါတယ် ။

ဒေသခံလုပ်ငန်းရှင်များထံမှ ကတ်ထူခေါင်းတလား ၁၀၀၀ လှူဒါန်းမှု ကို လက်ခံရရှိခဲ့ပြီး ဒေသတွင်းရှိ သုဿန်နှစ်ခု တွင် အသုံးပြုရန် ပေးပို့ခဲ့ကြောင်း ပစိဖိတ်ပင်လယ် ဆိပ်ကမ်းမြို့တော်ဖြစ်သည့် ဂွာရာကွီမြို့မှ အာဏာပိုင်များက ပြော ပါတယ် ။

“ခေါင်းတလားတွေ မရှိတော့ သလို ရှိတဲ့ခေါင်းတလားကလည်း အလွန်အမင်း ဈေးကြီးပါတယ် ” ဟု မြို့ တော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဈာပနဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် စီးပွားရေးသမား ဆန်တီယာဂိုအိုလီဗာရီက သူ့၏ ကုမ္ပဏီ သည် ဝယ်လိုအား ကို အမှီမလိုက်နိုင်ဟုဆိုပါတယ်။

ဈေးအသက်သာဆုံး ခေါင်းတလားတစ်လုံးမှာ အမေရိကန်ဒေါ်လာ ၄၀၀ ဝန်းကျင် ကုန်ကျကြောင်း ၎င်း က ပြောပါတယ်။ မြို့တော်အတွင်း ၁၅ နာရီကြာ နေဝင်မီးငြိမ်းအမိန့်ကြောင့် ခေါင်းတလားပြုလုပ်သူများအတွက် သစ်သားနှင့် သတ္ထုကဲ့သို့သော အခြေခံကုန်ကြမ်းပစ္စည်းများ ပြတ်လပ်စေခဲ့ကြောင်း သူကဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံးခံနေရ သည့် လက်တင် အမေရိကတိုက်ရှိ ဂွာရာကွီမြို့ရှိ လမ်းမများ ပေါ်၌ စွန့်ပစ်ထားသော အလောင်းများပုံပြသသည့် ရုပ်သံဖိုင်များကို ပြီးခဲ့သည့်အပတ်တွင် ဒေသခံများက လူမှုမီဒီ ယာများပေါ် တင်ခဲ့ကြသည် ။ ရင်ခွဲရုံ အလုပ်သမားများက မဖယ်ရှားနိုင်တော့သောကြောင့် အစိုးရက ယခုသီတင်း ပတ်အတွင်း လမ်းမများ၊ နေအိမ်များမှ အလောင်း၁၅၀ ခန့်ကောက်ယူရန် တပ်ဖွဲ့များကို ခေါ်ယူခဲ့ရပါတယ်။

အက်ကွေဒေါနိုင်ငံတွင် သေဆုံးသူ ၁၈၀ အပါအဝင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၃၆၄၆ မှုရှိပြီး ကူးစက်မှုအ များစုမှာ ဂွာရာကွီမြို့တော်နှင့် အနီးဝန်းကျင်ရှိ ဂွာရက်စ်ပြည်နယ်တွင် ဖြစ်ပွားခြင်းဖြစ် ပါတယ်။

ကိုးကား။ အေအက်ဖ်ပီ

Add a Comment

Your email address will not be published. Required fields are marked *